ပုလောမြို့နယ် KNU စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

0
3787
ဓါတ်ပုံ K-PDF-Palaw

မြိတ်ခရိုင်၊ပုလောမြို့နယ်အတွင်းရှိ KNU စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးကြဲချခဲ့ကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်(K-PDF-Palaw)က ယနေ့ထုတ်ပြန်သည်။

KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်း  ဖွင့်လှစ်ထားသည့် ယင်းစစ်ဆေးရေးဂိတ်ကို ယနေ့ (အောက်တိုဘာ ၁၃)  မွန်းလွှဲ ၁၂ နာ ရီအချိန်တွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးသီး ၃ လုံးပစ်ချခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းသို့ ဗုံးသီးပစ်ချမှုကြောင့် ကရင်ပြည်သူ့ကာကွယ်ရေး(ပုလော) တပ်သားတစ်ဦး ဒဏ်ရာအနည်ငယ် ရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဂိတ်သည် KNU ထိန်းချုပ်နယ်မြေအတွင်းသို့ မူးယစ်ဆေးဝါးနှင့် စစ်ကောင်စီ ထုတ်ကုန်များ မဝင်ရောက်ရေးအတွက် တားမြစ်စစ်ဆေးနေသည့် ဂိတ်တစ်ခုဖြစ်သည်။

ကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ပုလောမြို့နယ် နန်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သားအချို့ ဒဏ်ရာရခဲ့သည်။