အတက်ဈေးတွင်ရှိနေသည့် ယနေ့ ဘတ်၊ ရွှေ၊ စက်သုံးဆီဈေး (အောက်တိုဘာ ၁၃)

0
3473

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဓာတ်ဆီဈေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။

အောက်တိုဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ်ခုနှစ်သောင်းခန့် နှင့် ဘတ်ဈေးမှာ ၃ ကျပ်ခန့် ဈေးတက်နေသည်။

92 ဓာတ်ဆီဈေးလည်း တစ်လီတာလျှင် ၂၅ ကျပ် ဈေးတက်နေသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ဓာတ်ဆီဈေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုဈေးမြင့်လေ့ရှိပြီး ဈေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပဈေးကွက်၏ အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးပေါက်ဈေးကို ရယူဖော်ပြပါသည်။