နဘုလယ်ဒေသ ထိန်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

0
4382

ရေဖြူမြို့နယ် နဘုလယ်ဒေသ ထိန်ကြီးရွာသားတစ်ဦး အောက်တိုဘာလ ၁၁ ရက်က ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ပစ်သတ်ခံရသူမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်သူ ထိန်ကြီးရွာသား ကိုနေဇာမိုးဆိုသူဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

အောက်တိုဘာလ ၁၁ မွန်းလွဲ ၂ နာရီကျော်က ဇနီးဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် သွားလာနေစဉ် ပရဒတ်နှင့် ဘဝကျေးရွာ ကြားလမ်းပိုင်းတစ်နေရာတွင် လက်နက်ကိုင်လူတစ်စုက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဦးခေါင်းပိုင်းတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ၎င်းက ဆိုသည်။

ကိုနေဇာမိုးအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

၎င်း၏ရုပ်အလောင်းကို အခင်းဖြစ်နေ့ ည ၇နာရီခွဲခန့်က ယင်းကျေးရွာ၏ သုသာန်တွင် ညတွင်းခြင်း မီးသင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။