ရွှေဈေးကျပြီး ဘတ်ဈေးတက်သည့် ယနေ့ ရွှေ၊ ဘတ်၊ ဓာတ်ဆီ ဈေးနှုန်းများ (အောက်တိုဘာ ၁၀)

0
3773

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဓာတ်ဆီဈေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။

အောက်တိုဘာလ ၇ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ်နှစ်သောင်းခန့် ဈေးကျနေပြီး ဘတ်ဈေးမှာ တစ်ကျပ်နီးပါးဈေးတက်နေသည်။

92 ဓာတ်ဆီဈေးမှာမူ တစ်လီတာလျှင် ၂၅ ကျပ် ဝန်းကျင်ဈေးတက်နေသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ဓာတ်ဆီဈေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုဈေးမြင့်လေ့ရှိပြီး ဈေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပဈေးကွက်၏ အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးပေါက်ဈေးကို ရယူဖော်ပြပါသည်။