ဆန်ဈေးငြိမ်၍ စားအုံးဆီဈေး ဆက်တိုက်ကျလာသည့် ထားဝယ်ဈေးကွက်

0
3777

ထားဝယ်တွင် ဆန်ဈေးမှာ စက်တင်ဘာ ၂ ရက်မှ အောက်တို့ဘာ ၇ ရက်နေ့အထိ ခြောက်ပတ်ဆက်တိုက် ဈေးငြိမ်နေပြီး ပြည်ပမှတင်သွင်းလာသည့် စားအုံးဆီ ဈေးနှုန်းမှာ လေးပတ်ဆက်တိုက် ဈေးနှုန်းကျဆင်းလျက်ရှိသည်။

စားအုန်းဆီ ဈေးကျရခြင်းမှာ ထိုင်းဘတ်ငွေ တန်ဖိုး ထိုးကျလာခြင်းကြောင့် ဖြစ်သည်။

တရုတ်ကြက်သွန် ဝင်လာခြင်းကြောင့် ပြည်တွင်းကြက်သွန်ဈေးကွက်မှာ စက်တင်ဘာ ၉ ရက်နေ့မှစပြီး တစ်ပိဿာ ကျပ် ၄၅၀၀ ခန့်မှ တစ်ပိဿာ ၃၅၀၀ ကျပ်သို့ ကျဆင်းခဲ့သော်လည်း အောက်တိုဘာ ပထမပတ်မှစပြီး တစ်ပိဿာကျပ် ၃၆၀၀ ဖြင့် အတက်ဖက်သို့ ဦးတည်လျက်ရှိသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က အာလူးတစ်ပိဿာ ၂၄၀၀ ကျပ်ခန့်သာရှိသော်လည်း ယနေ့အောက်တိုဘာ ၇ ရက်နေ့တွင် တစ်ပိဿာ ၂၈၀၀ကျပ်ဖြင့် ငွေကျပ် လေးရာ ဈေးတက်သွားသည်။

စက်သုံးဆီးဈေးနှုန်းမှာလည်း ပြီးခဲ့သည့် နှစ်ရက်ခန့်က ၉၂ အမျိုးအစား ဓာတ်ဆီတစ်လီတာကို ကျပ် ၂၀၀၀ အောက်သို့ ရောက်ရှိခဲ့သော်လည်း နှစ်ရက်ကြာပြီး နောက် ကျပ်နှစ်ထောင်အထက်သို့ ပြန်လည်မြင့်တက်သွားခဲ့သည်။