ယူကရိန်းတောင်ပိုင်းရှိ ရုရှား ထိန်းချုပ်ခံ ကျေးရွာများကို ယူကရိန်းပြန်သိမ်း

0
3852

ယူကရိန်းနိုင်ငံ ခါဆန်ဒေသ တောင်ပိုင်းကျေးရွာကြီးတစ်ခုကို ရုရှားလက်မှ ယူကရိန်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။

အမှတ် (၃၅) ကမ်းတက်တပ်ဖွဲ့က အဆိုပါ ဒေသတွင် ယူကရိန်းအလံလွှင့်ထူနေသည်ကို ကာကွယ်ရေး ဝန်ကြီးဌာနက ဗီဒီယို ထုတ်ပြန်ထားသည်။

ဒါဗီဒစ်ဘရစ်ကျေးရွာနှင့် အနီးတဝိုက်ရွာများကို ယူကရိန်းက ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရုရှားတပ်များ မဖြစ်မနေ ပြန်လည်ဆုတ်ခွါနေရကြောင်း သတင်းများတွင် တွေ့ရှိရသည်။

ရုရှားသမ္မတဗလာတီမာပူတင်က  ယူကရိန်းနယ်မြေ (၄)ခုကို  ရုရှားသို့ သွတ်သွင်းရန် အမိန့်ထုတ်နေစဉ် ယခုကဲ့သို့ ယူကရိန်းဘက်မှ ပြန်လည်သိမ်းပိုက်မှုများ ရှိလာခြင်း ဖြစ်သည်။

ရုရှားနယ်မြေအဖြစ်သို့ သွတ်သွင်းခြင်းသည် နိုင်ငံတကာဥပဒေအရ တရားမဝင်သကဲ့သို့ ၊ အဓိပ္ပါယ်မဲ့အရာမထင်သော လုပ်ရပ်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး က ပြောကြားခဲ့သည်။

ရုရှားနယ်မြေအဖြစ် သွတ်သွင်းခြင်းကို ခွင့်ပြုသွားမည် မဟုတ်ကြောင်း သမ္မတဂျိုးဘိုင်ဒင် က သမ္မတဇီလန်စကီး ကို ဆက်သွယ်ပြောကြားခဲ့သည်။