အီရန်ဆန္ဒပြပွဲ ကျောင်းသားများစွာ ပိတ်မိလျက်ရှိ

0
3708

အီရန်ရဲတပ်ဖွဲ့ဝင်များသည် တက္ကသိုလ်ကျောင်းများနှင့် နာမည်ကျော်တက္ကသိုလ်ဝန်းတစ်ခုထဲတွင် ထိပ်တိုက် ထိတွေ့မှုများ ဖြစ်ခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာသတင်းများက ဖော်ပြထားသည်။

မြို့တော် တီဟီရန်ရှိ ရှာရစ်ဖ် တက္ကသိုလ်ယာဉ်ရပ်နားကွင်းထဲတွင် ကျောင်းသားများစွာ ပိတ်မိနေလျက် ရှိကြောင်း သတင်းများက ဖော်ပြထားသည်။

ထွက်ပေါ်လာသော ဗီဒီယိုများတွင် ကျောင်းသားများသည် လုံခြုံရေးတပ်ဖွဲ့များထံမှ ဝေးရာကို ထွက်ပြေးနေကြပြီး သေနတ်သံများ ကြားရသည်။

အမျိုးသမီးတစ်ဦးကို အကျင့်သီလထိန်းကွပ်ပဲ့ပြင်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် သေဆုံးသွားခဲ့ရာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ စက်တင်ဘာလအတွင်း အီရန်တွင် နေရာအနှံ့ဖြစ်ပွါးခဲ့သည်။

မစ်စ်အမီနီအား ရဲက ခေါင်းကို တုတ်ဖြင့်ရိုက်ကာ ခေါင်းကိုလည်း ကားဖြင့်ဆောင့်ခဲ့သည်ဟု သတင်းများက ဖော်ပြထားပြီး သေဆုံးသူသည် အဖမ်းခံရစဉ် နှလုံးဖောက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲက ထုတ်ပြန်ထားသည်။

၎င်း၏ အသုဘအခမ်းအနားတွင် ဆန္ဒပြပွဲစတင်ခဲ့ရာမှ တိုင်းပြည်အတွင်း အဆိုးဆုံး မတည်ငြိမ်မှုဖြစ်ပွါးခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့သည် ရှာရစ်ဖ်တက္ကသိုလ် ပထမဆုံး ကျောင်းပြန်ဖွင့်သည့်နေ့ဖြစ်ကာ စတင်သည့် နေ့မှာပင် ဆန္ဒပြပွဲများ အကြီးအကျယ် ဖြစ်ပွါးပြီး ကျောင်းသားများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ခဲ့သည်။