အင်ဒိုနီးရှားပြည်တွင်း ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွါး ၁၃၀ နီးပါး သေဆုံး

0
3719

အနည်းဆုံး လူ ၁၂၉ ဦးသေဆုံးခဲ့ရသော အင်ဒိုနီးရှားဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွားရာမှ တက်နင်းမိကာသေဆုံးမှုသည် ဘောလုံးသမိုင်းမှ အဆိုးရွားဆုံး သော အဖြစ်အပျက် တစ်ခုဖြစ်ကြောင်း အရာရှိများက ပြောကြားသည်ဟု BBC သတင်းက ဖော်ပြထားသည်။

အဓိကရုဏ်းဖြစ်နေသော နှစ်ဖက်ပရိသတ်များကို ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ ပစ်ခတ်ရာမှ လူအုပ်ပြိုခြင်း ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။

အရှေ့ဂျာဗား ဒေသ၊ ဆူရာဘယားတွင် Arema FC ဘောလုံးအသင်းက ခါးသီးသောပြိုင်ဘက် Persebaya ကို ရှူံးနိမ့်ခဲ့ရာမှ ရန်ပွဲဖြစ်ပွါးခြင်း ဖြစ်သည်။

လူ (၁၈၀) ခန့်လည်း ဒဏ်ရာများ ရရှိသွားခဲ့သည်။ ပရိသတ်ဦးရေသည်လည်း အားကစားကွင်းက လက်ခံနိုင်သည့် အရေအတွက်ထက် ပိုများနေကြောင်း လုံခြုံရေးဝန်ကြီးက ပြောကြားသည်။

စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးသည်အထိ အင်ဒိုနီးရှား အဆင့်မြင့်တန်း ဘောလုံးပွဲစဉ်များ အားလုံး ရပ်ဆိုင်းထားရန် သမ္မတဂျိုကိုဝီဒိုဒို က အမိန့်ထုတ်လိုက်သည်။

နောက်ဆုံး ပွဲသိမ်း ခရာမှုတ်လိုက်ချိန်တွင် ပရိသတ်များက ကွင်းထဲကို ပြေးဆင်းလာကြသည့် ဗီဒီယိုများ ထွက်ပေါ်ခဲ့သည်။

ရဲများက ဓာတ်ငွေ့ဗုံးများ ပစ်ခတ်ခဲ့ပြီးနောက် လူအုပ်ကြီးပြိုကာ အသက်ရှုကျပ်မှုများ ဖြစ်ခဲ့သည်ဟု အရှေ့ဂျာဗားရဲမှူး နီကိုအာဖင်တာက ပြောကြားသည်။