စစ်ဗိုလ်များက အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖြုတ်ချပြီး တန်ပြန်အာဏာသိမ်း

0
3904

အာဖရိကရှိ ဘာကီနာဖာဆိုနိုင်ငံတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပေါဟန်နရီဒါမီဘာ ကို ရာထူးမှဖြုတ်ချလိုက်ပြီဖြစ်ကြောင်း စစ်တပ်ဗိုလ်ကြီး တစ်ဦးက နိုင်ငံတော်ရုပ်သံလိုင်းတွင် ကြေညာလိုက်ကြောင်း BBC သတင်းက ဖော်ပြထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးသည် တိုင်းပြည်၏ အစ္စလာမ်မစ်သူပုန်ထမှု ပြဿနာကို မကိုင်တွယ်နိုင်သောကြောင့် ယခုလို ဖြုတ်ချရခြင်းဟု ဗိုလ်ကြီးအီဘရာဟင်ထရာအိုး က ဆိုသည်။

တိုင်းပြည်နယ်စပ်ကို ပိတ်ထားလိုက်ပြီး၊ နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ခြင်းကို ဆိုင်းငံ့ထားကြောင်း ကြေညာသွားသည်။

ဗိုလ်ချုပ်ကြီး ဒါမီဘာ သည် ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရကို ဇန်နဝါရီလအတွင်းက ဖြုတ်ချခဲ့ပြီး အာဏာသိမ်းယူထားခြင်းဖြစ်သည်။

အစ္စလာမ်မစ်သူပုန်များကို နှိမ်နင်းမည်ဟု ပြောခဲ့သော်လည်း ၎င်း၏ လက်ထက်တွင် နှိမ်နင်းနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် တနင်္လာနေ့က တိုင်းပြည်မြောက်ပိုင်းတွင် အရပ်သားယာဉ်တန်းကို လုံခြုံရေးပေးနေသော စစ်သား (၁၁) ဦး သတ်ဖြတ်ခံခဲ့ရသည်။

မြို့တော်တွင်လည်း သေနတ်သံများကြားရပြီးနောက် ပြည်သူများ တည်ငြိမ်စွာနေထိုင်ကြရန် အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံအာဏသိမ်းခံရခြင်း ဖြစ်သည်။