စက်ဘီးစီးကြသူများ

0
4260

ဓာတ်ဆီစျေးမြင့်တက်လာမှုကြောင့် ထားဝယ်တွင် စက်ဘီးစီးနင်းသူ ပိုမိုများလာသည်ကို တွေ့မြင်လာရပြီး စက်ဘီပြင်ဆိုင်များလည်း ပြန်လည်အလုပ်များလာကြောင်း တွေ့မြင်ရစဉ်။

ထားဝယ်မြို့ပေါ်တွင် ရည်ညွှန်းစျေးဖြင့်ရောင်းသော လိုင်စင်ရှိစက်သုံးဆီဆိုင်များ၌ ယနေ့ ၉၂ တစ်လီတာ ၂၄၃၅ ကျပ်ပေါက်သော်လည်း ပြင်ပစျေးကွက်တွင် တစ်လီတာ ၃၅၀၀ အထိပေါက်နေသည်။

စက်သုံးဆီစျေးမှာ ဆက်တိုက်မြင့်တက်နေသဖြင့် စက်ဘီးဖြင့် ခရီးသွားလာသူ ပိုမိုများပြားလာပြီး စက်ဘီးပြင်ဆိုင်များတွင် စက်ဘီးအဟောင်းများ ပြန်လည်ပြင်ဆင်လာကြသည်ကို တွေ့လာရသည်။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ဂျပန်ကွန်တိန်နာကျ စက်ဘီးများမှာ စျေးမြင့်တက်နေပြီး ယခင် ကျပ်ကိုးသောင်းခန့် စက်ဘီးမှာ တစ်သိန်းခွဲခန့်အထိစျေးပေါက်နေပြီဖြစ်သည်။

စက်ဘီးစျေးမြင့်တက်နေမှုကြောင့် စက်ဘီးဝယ်ယူသူနည်းပါးကြောင်း အရောင်းဆိုင်များကဆိုသည်။