ပဲ့တိုင်ရွာသားတစ်ဦး ဖမ်းဆီးခံရဟုဆို

0
360

ကျွန်းစုမြို့နယ်၊ ပဲ့ဒိုင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသား တစ်ဦးကိုစစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။

ပဲ့ဒိုင်ကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ဦးမောင်အေးကို စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီခန့်က ဖမ်းသွားကြောင်း ဒေသခံများကပြောသည်။

ဦးမောင်အေး ကိုဖမ်းမမိခင် သားမက်ဖြစ်သူကို အရင်ဖမ်းဆီးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများ ကပြောသည်။

ဦးမောင်အေးသည် ရွာတွင်အနေအထိုင်အေးဆေးသူဖြစ်ပြီး စစ်ကောင်စီတပ်က မည်သည့်အတွက် ဖမ်းသွားကြောင်းကို မသိရသေးဟု ၎င်းတို့ကဆိုသည်။

“ဘယ်လို အကြောင်းကြောင့် ဖမ်းသွားတယ်ဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးပါဘူး”ဟု ဒေသခံ အမျိုးသား ကပြောသည်။

ပဲ့ဒိုင်ကျေးရွာတွင် စက်တင်ဘာ ၇ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့သည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါ်ပြည်သူ့စစ် ခေါင်းဆောင်တို့ သေဆုံးခဲ့သည်။