ဗြိတိန်ဝန်ကြီးချုပ်အသစ် စွမ်းအင်စျေးနှုန်းကျရန်နှင့် အခွန်လျှော့ချရန် ကတိပေး

0
384

ဗြိတိန်ဝန်ကြီးချုပ်အသစ် ရာထူးအတွက် ယှဉ်ပြိုင်အနိုင်ရခဲ့သော လစ်ဇ်ထရပ်စ် သည် စွမ်းအင်စျေးနှုန်းတက်လာခြင်းနှင့် အခွန်လျှော့ချရေး ကိစ္စများကို ကိုင်တွယ်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ယင်းကြောင့် စွမ်းအင်တင်သွင်းသူများအနေဖြင့် အစိုးရ ထုတ်ပေးသော ချေးငွေများ ရရှိနိုင်မည့် အစီအစဉ် ကို ကြာသပတေးနေ့တွင် ကြေညာဖွယ်ရှိသည်။

ဗြိတိန်ဘုရင်မကြီးက ဝန်ကြီးချုပ် မစ်စ်ထရပ်စ် ကို ဘာမိုရယ်ရဲတိုက်တွင် တရားဝင်ခန့်အပ်လိုက်ပြီးနောက် ဘောရစ်ဂျွန်ဆင် ၏ နေရာကို ဆက်ခံရခြင်း ဖြစ်သည်။

ဗြိတိန်၏ တတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာမည့် အသက် ၄၇ နှစ် ထရပ်စ် သည် ၎င်း၏ အစိုးရအဖွဲ့ကို မကြာခင် ကြေညာဖွယ်ရှိသည်။

အောင်ပွဲခံမိန့်ခွန်းထဲတွင် ၎င်းက အခွန်လျှော့ချရန်အတွက် ကတိများပေးခဲ့ကာ ဗြိတိန်ကို စီးပွါးပျက်ကပ်အတွင်း မကျရောက်အောင် ကာကွယ်သွားမည်ဟု ပြောခဲ့သည်။

မိသားစုများနှင့် စီးပွါးရေးလုပ်ငန်းများကို အကာအကွယ်ပေးမည့် အစီအစဉ်များက ထရပ်စ်၏ ဝန်ကြီးချုပ် တာဝန် အဓိက ဆုံးဖြတ်ချက်များ ဖြစ်လာမည် ဖြစ်သည်။

ဝန်ကြီးချုပ်သစ်နှင့် အဖွဲ့သည် စွမ်းအင်စျေးမြင့်တက်မှုကြောင့် ထိခိုက်ရသော စီးပွါးရေးလုပ်ငန်းများကို အကူအညီပေးမည့် အစီအစဉ်အသစ်များကို မကြာခင်ကြေညာမည် ဖြစ်သည်။