စစ်အေးတိုက်ပွဲ ငြိမ်းချမ်းရေးစွမ်းဆောင်ခဲ့သူ ဆိုဗီယက်သမ္မတဟောင်း ဂိုဘာချော့ဗ်ကွယ်လွန်

0
246

စစ်အေးတိုက်ပွဲကို ငြိမ်းချမ်းစွာ အဆုံးသတ်ခဲ့သူ ဆိုဗီယက်ခေါင်းဆောင်ဟောင်း မီခေးလ်ဂိုဘာချော့ဗ် အသက် (၉၁)နှစ်အရွယ်တွင် ကွယ်လွန်သွားကြောင်း BBC သတင်းက ဖော်ပြထားသည်။

၁၉၈၅ခုနှစ်တွင် သမ္မတဖြစ်လာခဲ့သော ဂိုဘာချော့ဗ် သည် ဆိုဗီယက်ကို တံခါးဖွင့်ခဲ့ပြီး ပြည်တွင်းပြုပြင် ပြောင်းလဲမှုများလည် လုပ်ဆောင်ခဲ့သည်။

သို့သော် ၎င်းသည် ဆိုဗီယက်ပြည်ထောင်စု တဖြည်းဖြည်းပြိုကွဲလာခြင်းကိုမူ မတားနိုင်ခဲ့ဘဲ ခေတ်သစ် ရုရှားဖက်ဒရေးရှင်း ပေါ်ပေါက်လာခဲ့သည်။

ကမ္ဘာ့ခေါင်းဆောင်များက ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပြီး သမိုင်း၏ လမ်းကြောင်းကို ပြောင်းလဲပေးခဲ့သူဟု ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ် က မှတ်ချက်ပြုခဲ့သည်။

“မီခေးလ်ဂိုဘာချော့ဗ် ဟာ တမျိုးတည်းရှိတဲ့ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ဖြစ်ပါတယ်” ဟု အထွေထွေအတွင်းရေးမှူးချုပ်က Twitter တွင် ရေးသားခဲ့သည်။

ဂိုဘာချော့ဗ်သည် လူကြီးရောဂါ ကာလကြာရှည် ခံစားနေရခြင်းဖြစ်ကာ ကျန်းမာရေး အခြေအနေများ ယိုယွင်းလာခဲ့ကြောင်း ၎င်းတက်ရောက်ခဲ့သည့် ဆေးရုံက ထုတ်ပြန်ထားသည်။

သမ္မတပူတင်ကလ နာရေးသတင်းကြောင်း ထိခိုက်ခံစားစာနာမိကြောင်း ကြေညာခဲ့ပြီး ဥရောပသမဂ္ဂဥက္ကဌကလည်း ဂိုဘာချော့ဗ် သည် ယုံကြည်ရသော လေးစားထိုက်သည့် ခေါင်းဆောင်ဖြစ်ပြီး လွတ်လပ်သော ဥရောပလမ်းကြောင်းကို ဖောက်ခဲ့သူဟု ပြောကြားခဲ့သည်။