လောင်းလုံး စခန်းကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

0
392

လောင်းလုံးမြို့နယ် စခန်းကြီးရွာတွင် အမျိုးသားတစ်ဦးသည် ယနေ့ (ဩဂုတ် ၃၀) နံနက် ၁၁ နာရီခန့်က ပစ်သတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

သေဆုံးသူမှာ စခန်းကြီးရွာသား အသက် ၄၀ အရွယ် ဦးအောင်ကျော်မိုးဆိုသူဖြစ်ပြီး ယင်းကျေးရွာ သင်္ချိုင်းအမှိုက်ပုံ အနီးတွင် ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပစ်တာက ခုနှစ်ချက်လောက်ရှိမယ်။ နားနဲ့ ဦးခေါင်းမှာ ဒဏ်ရာအများဆုံးတွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

ဦးအောင်ကျော်မိုးဆိုသည် ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာ သပိတ်များ၏နောက်မှ ဗျောက်အိုးဖောက် ခြောက်လန့်ခြင်း၊ ရဲလာနေသည်ဟု ပြောဆိုခြောက်လန့်လေ့ရှိသူ ဖြစ်ကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။

အထက်ပါပြောဆိုချက်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို ဦးအောင်ကျော်မိုးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကိုလည်း မသိရသေးပေ။

ယင်းအမျိုးသား၏ ရုပ်အလောင်းကို အရေးပေါ်ကားဖြင့် ထားဝယ်သို့ သယ်ဆောင်းသွားသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။