ရုရှား၏ စစ်အင်အားတိုးချဲ့နေမှု ယူကရိန်းစစ်ပွဲအပေါ် သက်ရောက်မှု မရှိနိုင်ဟု ဗြိတိန်ဆို

0
484

ရုရှားက လက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အားကို တိုးချဲ့နေခြင်းသည် လက်ရှိ ယူကရိန်းတွင်ဖြစ်ပွါးနေသော စစ်ကို သက်ရောက်မှုများ မရှိနိုင်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်သည်။

ရုရှားစစ်အင်အားကို ၁ဒသမ၁၅သန်းအထိ တိုးချဲ့ရန် ဗလာတီမာပူတင်က အမိန့်ထုတ်ပြန်ခဲ့ရာ စစ်သည်အင်အား တစ်သိန်းသုံးသောင်းခုနှစ်ထောင် ထပ်မံတိုးမြှင့်သွားမည်ဖြစ်သည်။

ယင်းသို့ တိုးမြှင့်ရုံဖြင့် ရုရှား၏ တိုက်ပွဲဝင်စွမ်းရည်ကို တိုးမြှင့်နိုင်မည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေတွင် စစ်ပွဲက အရှူံးများဖြင့် ကြုံနေရကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

ရုရှားတွင် စစ်အင်အားများ စုဆောင်းနေချိန်တွင် သမ္မတပူတင်၏ အဆိုပါ အမိန့် ထွက်ပေါ်လာခြင်း ဖြစ်သည်။

စစ်သားစုဆောင်းသူများသည် အကျဉ်းထောင်များသို့ပင် သွားရောက်နေပြီး လွတ်လပ်ခွင့်နှင့် ငွေကြေးတို့ ပေးမည်ဟု ဆိုကာ မက်လုံးပေးနေကြောင်း သတင်းအစီရင်ခံစာများက ဖော်ပြထားသည်။

ရုရှားစစ်တပ်တွင် လက်ရှိအခြေအနေ၌ စစ်အင်အား တစ်သန်းရှိကာ၊ အရပ်သားဝန်ထမ်း (၉)သောင်း ရှိကြောင်း ခန့်မှန်းရသည်။

ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်စဉ် ရုရှားစစ်သား အနည်းဆုံး (၇)သောင်းမှ (၈)သောင်းအထိ သေကြေ ဒဏ်ရာရကြောင်း အနောက်အုပ်စု အစိုးရများက ဖော်ပြကြသည်။