ဖင်လန်ဝန်ကြီးချုပ် ပါတီပွဲတွင်ကခုန်နေ၍ အတိုက်အခံများ ဖိအားပေး

0
345

ပါတီတွင်တစ်ခုတွင် ကခုန်ပျော်ပါးနေသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပြီးနောက် ဖင်လန်ဝန်ကြီးချုပ် ဆန်နာမာရင် တစ်ယောက် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း သတင်းများက ဖော်ပြထားသည်။

အဆိုပါ ဗီဒီယိုထဲတွင် ဝန်ကြီးချုပ်သည် ဖင်လန်နာမည်ကြီးလူသိများ ဆယ်လီများအပါအဝင် မိတ်ဆွေများနှင့် ကခုန် သီချင်းဆိုနေသည်ကို တွေ့ရသည်။

အတိုက်အခံပါတီများက ဝေဖန်လျက်ရှီကြပြီး အတိုက်အခံခေါင်းဆောင်တစ်ဦးက ဝန်ကြီးချုပ်ကို မူးယစ်ဆေးသုံးထားမထား စစ်ဆေးသင့်သည်ဟု ပြောထားသည်။

အသက် (၃၄) နှစ်အရွယ်တွင် ဝန်ကြီးချုပ်ဖြစ်လာသည့် ဖင်လန်လူငယ် အမျိုးသမီးနိုင်ငံရေးသမားသည် မူးယစ်ဆေးသုံးသည့်ကိစ္စကို ငြင်းဆန်ထားသည်။

ပျော်ရွှင်ခုန်ပေါက်ကာ ပါတီပေးခဲ့ခြင်း ဖြစ်ပြီး အရက်သာ သောက်ခဲ့ပါကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

ကမ္ဘာ့အသက်အငယ်ဆုံး တိုင်းပြည်ခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ဖူးသည့် ဖင်လန်ဝန်ကြီးချုပ်သည် ပါတီပွဲ တက်ခြင်းကို လျို့ဝှက်မထားဘဲ ဂီတပွဲများတွင်လည်း ဓာတ်ပုံအရိုက်ခံခဲ့သည်။

ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး ဝန်ကြီးချုပ်အဖြစ်လည်း မီဒီယာများက မှတ်တမ်းတင်ခဲ့သည့် ဝန်ကြီးချုပ်မာရင် သည် ဗီဒီယို ရိုက်ခံရသည်ကို သိသော်လည်း ယခုကဲ့သို့ အဖြန့်ခံရသည်ကိုတော့ စိတ်တိုမိကြောင်း ပြောကြားခဲ့သည်။

“ကျွန်မ က တယ်။ သီချင်းဆိုတယ်။ ပါတီပေးတယ်။ ဒါက ဥပဒေနဲ့ ညီတယ်လေ။ ကျွန်မလည်း မူးယစ်ဆေး မသုံးသလို တခြားသူလည်း မသုံးခဲ့ပါဘူး” ဟု ဝန်ကြီးချုပ်က ဆိုသည်။