ပြည်သူ့အကျပ်အတည်းကို ညွှန်ပြနေတဲ့ စျေးနှုန်းတွေ

0
967

နိုင်ငံရေးတည်ငြိမ်မှုမရှိတာ၊ စီးပွားရေးကျဆင်းလာတာတွေကြောင့် ပြည်သူတွေက နေ့စဉ်နဲ့အမျှ စား၊ဝတ်၊နေရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အလုပ်အကိုင်ရှားပါးလာမှုကြောင့် ဝင်ငွေကျဆင်းနေတဲ့ ပြည်သူတွေမှာ ကုန်စျေးနှုန်း ကြီးမြင့်မှုဒဏ်ကို ကြုံတွေ့နေရတဲ့အတွက် အဟာရပြည့်ဝစွာ နေ့စဉ်စားနိုင်ဖို့ ခက်ခဲတဲ့သူတွေ ပိုမိုများပြားလာနေပါတယ်။

အောက်ခြေလူတန်းစားတွေအတွက် အဟာရပြည့်ဝစွာ စားဖို့ဆိုတာထက် နေ့စဉ်ထမင်းနပ်မှန်အောင် ဝမ်းဝရုံ စားနိုင်အောင်ကိုပဲ ခက်ခဲတဲ့အခြေအနေမှာ ဖြစ်လာနေတာပါ။

ဒါကြောင့် မြန်မာနိုင်ငံတောင်ပိုင်း အခြေစိုက် Dawei Watch မီဒီယာအနေနဲ့ ကုန်စျေးနှုန်း အခြေအနေကို စုစည်းဖော်ပြနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။

ကုန်စျေးနှုန်းတွေက ပြည်သူတွေ ဘယ်လောက်ကျပ်တည်းလာပြီဆိုတာကို ချိန်ဆနိုင်တဲ့ အညွှန်းကိန်းတွေပါပဲ။

မြန်မာ့စီးပွားရေးကို လေ့လာနေသူတွေအတွက်လည်း ဒီကုန်စျေးနှုန်းအချက်အလက်တွေက များစွာအထောက်အကူ ပြုစေမှာဖြစ်ပါတယ်။

သို့သော် တနင်္သာရီတိုင်းရဲ့ ကုန်စျေးနှုန်းတွေက နေရာဒေသပေါ်မူတည်ပြီး တော်တော်လေး ကွာဟနေတာကြောင့် Dawei Watch အနေနဲ့ တိုင်းတစ်ခုလုံးကို ခြုံငုံဖော်ပြနိုင်ဖို့ လက်လှမ်းမမီဖြစ်ရပါတယ်။

ဒါကြောင့် မြိတ်မြို့နဲ့ ထားဝယ်မြို့ကို အခြေပြုထားတဲ့ စျေးနှုန်းအချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။