လောင်းလုံး ရေဖြူရွာ ဒေသခံသုံးဦး အဖမ်းခံရ

0
326

လောင်းလုံးမြို့နယ် ရေဖြူကျေးရွာဒေသခံ သုံးဦးကို ယနေ့ (ဇူလိုင် ၂၆) နံနက် ၃နာရီခန့်တွင် စစ်‌ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဖမ်းခံရသူများမှာ ရေဖြူတံတားအနီးက ကုန်စုံဆိုင်ပိုင်ရှင် ဦးမောင်လွင်၊ ဒေါ်ဇာဇာမြင့်တို့ ဇနီးမောင်နှံနှင့် ရေဖြူအထက်တန်းကျောင်းအနီးနေထိုင်သည့် ဦးညီမောင်ထွေးဆိုသူတို့ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“အိပ်ကောင်းနေတုန်း အချိန်လောက်ပေါ့၊ (စစ်ကောင်စီတပ်) သူတို့ဝင်လာတဲ့ အချိန်ဆိုရင်။ ရွာထဲကို စစ်ကားငါးစီး တန်းစီဝင်လာပြီးတော့ ဖမ်းသွားတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။

အထက်ပါ ဒေသခံသုံးဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးပေ။

လက်ရှိတွင် လောင်းလုံးမြို့မရဲစခန်း၌ ဖမ်းဆီးထားသည်ဟု သိရသဖြင့် မိသားစုဝင်များ ရဲစခန်းသို့လိုက်သွားကြကြောင်း ဒေသခံအချို့က ပြောသည်။