မြိတ်၊ မြို့သစ်ရပ်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ

0
389

မြိတ်မြို့၊ မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ‌‌သော်လည်း ထိခိုက်မှုမရှိကြောင်း ဒေသခံများ ထံမှသိရသည်။

အုပ်ချုပ်ရေးမှူးရေးရုံးကို ယနေ့ (ဇူလိုင် ၁၈) မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် လက်လုပ်ဗုံးဖြင့် လာရောက်ပစ်သွားခြင်းဖြစ်ပြီး ဗုံးမှာရုံးအပါ်ထပ်သို့ ရောက်ရှိခြင်းမရှိဘဲ ရုံးအောက်ထပ် လျှပ်စစ်ပစ္စည်းဆိုင်ရှေ့သို့ ပြန်ကျလာကြောင်း ဒေသခံများ ကပြောသည်။

“အောက်ကို ပြန်ကျပြီး တရှူးရှူးနဲ့ မီးခိုးတွေထွက်သွားတယ်။ ပေါက်ကွဲတာမရှိဘူး”ဟု ဒေသခံအမျိုးသမီး ကပြောသည်။

ဗုံးကို စစ်ကောင်စီတပ်က လာရောက်သိမ်းဆည်းခဲ့ပြီးနောက် လာရောက်ပစ်သွင်းသူများကို CCTV တွင်ရှာဖွေနေကြောင်း ၎င်းတို့ကပြောပြသည်။

ဗုံးပစ်မှုဖြစ်ပွါးပြီးနောက် စစ်ကောင်စီတပ်က လမ်းဆုံလမ်းခွများတွင် အစစ်အဆေး တင်းကျပ်နေသည်ဟု ဒေသခံများ ကဆိုသည်။

ဇူလိုင် ၁၆ ရက်နံနက်ကလည်း မြိတ်မြို့၊ရေပုန်းရပ်ကွက် ဘုံပျံကျောင်းအနီး ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သေးသည်။

ယင်းပေါက်ကွဲမှု ကို မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က “နန်းထိုက်အောင်”စစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီ စီးလာသည့်ကားအား မိုင်းဆွဲခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

မိုင်းဆွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုကို ဖော်ပြထားခြင်းမရှိသလို ဒေသခံများကလည်း ထိခိုက်မှု မကြားရဟု ဆိုသည်။