မြိတ်တွင် လေပြင်းကြောင့် သစ်ပင်လဲကျသဖြင့် နေအိမ်တစ်လုံးပျက်စီး

0
682

မြိတ်မြို့နယ် ကဟန်းကျေးရွာတွင် ယနေ့ မိုးသက်လေပြင်းများ တိုက်ခတ်သဖြင့် သစ်ပင်တစ်ပင် လူနေအိမ်ပေါ်သို့ လဲကျသဖြင့် နေအိမ်ပျက်စီးကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

အမြင့်ပေ ၅၀၊ လုံးပတ် ၃ ပေခန့်ရှိ သရက်ပင်သည် လေပြင်းများတိုက်မှုကြောင့် ဓနိမိုး၊ ထရံကာနေအိမ်ပေါ်သို့ လဲကျခဲ့ပြီး နေအိမ်တွင် လူမရှိသည့်အတွက် လူထိခိုက်မှုမရှိကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

မြိတ်မြို့၌ ယနေ့ (ဇူလိုင် ၁၂) တွင် တစ်ရက်လုံး မိုးအဆက်မပြတ် ရွာသွန်းပြီး လေပြင်းများ တိုက်ခိုက်နေသည်။

ဘင်္ဂလာပင်လယ်နှင့် ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုသည် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ယင်းအခြေအနေကြောင့် တနင်္သာရီတိုင်းအတွင်း ဇူလိုင်လ ၁၁ ရက်မှ ၂၀ ရက်အတွင်း ပုံမှန်ထက်မိုပို မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။

ဇူလိုင်လ ၁၀ ရက်ကလည်း မိုးကြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် ထားဝယ်မြို့နှင့် ကော့သောင်းမြို့တို့အပါအဝင် နေရာအချို့တွင် သစ်ပင်များ လဲကျခြင်းနှင့် အသေးစာမြေပြိုကျခြင်းတို့ဖြစ်ပွားခဲ့သည်။