တနင်္သာရီတိုင်းတွင် မိုးပိုရွာမည်

0
647
ပုံစာ - ထားဝယ်မြို့ပတ်လမ်းမှာ လေပြင်းကြောင့် သစ်ပင်လဲကျ/တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာန

တနင်္သာရီတိုင်းအတွင်း ဇူလိုင်လ ၁၁ ရက်မှ ၂၀ ရက်အတွင်း ပုံမှန်ထက်မိုပို မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။

ဘင်္ဂလာပင်လယ်နှင့် ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုသည် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ယင်းအခြေအနေကြောင့် တိုင်းအတွင်း မိုးပိုရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားခြင်းဖြစ်သည်။

ယင်းကာလအတွင်း တနင်္သာရီတိုင်းတွင် မိုးရွာရက်မှာ ၇ ရက်မှ ၉ ရက်အထိ ရှိနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

မနက်ဖြန် ဇူလိုင်လ ၁၂ ရက်တွင်မူ တိုင်းအတွင်း ဒေသအလိုက်မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

ကော့သောင်းမြို့တွင် လေပြင်းကြောင့် အိမ်ခေါင်းမိုးလန်သွားသော နေအိမ်ကို တွေ့ရစဉ်။

ယင်းကဲ့သို့မိုးကြီးပါ တိုင်းအတွင်း ရေကြီး၊ ရေလျှံ၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပွားလေ့ရှိသည်။

ဇူလိုင်လ ၁၀ ရက်ကလည်း မိုးကြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် ထားဝယ်မြို့နှင့် ကော့သောင်းမြို့တို့အပါအဝင် နေရာအချို့တွင် သစ်ပင်များ လဲကျခြင်းနှင့် အသေးစာမြေပြိုကျခြင်းတို့ဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ပထမဆယ်ရက်ပတ် (ဇူလိုင် ၁မှ ၁၀ အထိ) အတွင်းမူ တနင်္သာရီတိုင်းတွင် ပုံမှန်ရွာသွန်းနေကျ ပျမ်းမျှမိုးရေချိန်အတွင်းသာ ရွာသွန်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနထုတ်ပြန်သည်။