အလွန်အမင်း ရေကြီး၊ ရေလျှံမှုကြောင့် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကြီး ယာယီရပ်တန့်

0
539

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် ပုံမှန်ရေကြီးနေကြထက် ပိုပြီး ခါးစောင်းလောက်အထိ ရေများ တက်နေသဖြင့် သန်းပေါင်းများစွာသော မြို့တော်သူမြို့တော်သားများ၏ နေ့စဉ် လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းလျက်ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ၏ စီးပွါးရေးမြို့တော်ဖြစ်သော မွန်ဘိုင်း၏ နေရာအတော်များများတွင် ရေကြီးရေလျှံမှုများ ဖြစ်နေပြီး မိုးလေဝသဌာနက မွန်ဘိုင်းမြို့ နှင့် အနီးတဝိုက် ခရိုင်များ ကို အဝါရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားသည်။

ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များကို အသင့်အနေအထားဖြင့် မွန်ဘိုင်းတွင် နေရာယူထားစေကြောင်းလည်း ယင်းသတင်းအရ သိရှိရသည်။

မွန်ဘိုင်းမြို့ တည်ရှိရာ မဟာရက်ရှ်တြာ ပြည်နယ်တွင် ယခုနှစ်အတွင်း မုတ်သုန်မိုးများ များစွာ ရွာသွန်းလျက် ရှိခဲ့သည်။

ပုံမှန်မိုးရွာနေကျ ဖြစ်သော်လည်း ရာသီဥတုဖောက်ပြန်ခြင်းကြောင့် မိုးသည် ပိုမိုသည်းထန်ပြီး ခန့်မှန်းရလည်း ပိုခက်လာသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

မွန်ဘိုင်းမြို့ပြသို့ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းဝင်ရောက်လာသူများ နေ့စဉ် ဝင်ရောက်နေပြီး မြို့ပြစီမံကိန်းများက စစ်ဆေးမှုအားနည်းစွာဖြင့် ဆောင်ရွက်လျက်ရှိရာ ကြံ့ခိုင်မှု ပြဿနာများလည်း မကြာခဏ ကြုံနေရသည်။ 

မွန်ဘိုင်းမြို့ကို ကာရံပေးထားသော ရေကာလမုတော နေရာများတွင် ဆောက်လုပ်ရေးစီမံကိန်းများ ဆောင်ရွက်ခဲ့ပြီးလည်း ဖြစ်သည်။