ကွန်မြူနစ်မြို့ပြပြောက်ကျားဟောင်းကြီး ကိုလံဘီယာသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရ

0
351

လက်ဝဲဝါဒီ မြို့ပြပြောက်ကျား တိုက်ခိုက်ရေးသမားဟောင်း တစ်ဦးဖြစ်သူ မစ္စတာ ဂူစတာဗိုပီထရိုမှာ ကိုလံဘီယာသမ္မတရွေးကောက်ပွဲတွင်  အနိုင်ရရှိသွားပြီဖြစ်ရာ ပထမဆုံး လက်ဝဲဝါဒီသမ္မတအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။

မစ္စတာ ဂူစတာဗိုပီထရိုမှာ မဲအားလုံး၏ ၅၀ဒသမ၅ ရာခိုင်နူန်းရရှိခဲ့ကာ ဆောက်လုပ်ရေး အိမ်ခြံမြေ သန်းကြွယ်သူဌေးကြီးကို မဲအနည်းငယ်အသာဖြင့် ကပ်ပြီး အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ရွေးကောက်ပွဲနိုင် သမ္မတသည် M-19 ဟု အမည်ရသည့် မြို့ပြပြောက်ကျား အဖွဲ့ဝင်ဖြစ်ကာ ၁၉၈၅ ခုနှစ်တွင် တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် အဖမ်းခံခဲ့ရပြီးနောက် နောက်ပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့သည်။

ပီထရို သည် မြို့တော်ဘိုဂိုတာ၏ မြို့တော်ဝန်အဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးသူဖြစ်သည်။

မစ္စတာပီထရို ရွေးကောက်ပွဲနိုင်သွားပြီးနောက် မကြာသေးခင် ကာလများအတွင် လက်ဝဲခေါင်းဆောင်များ ရွေးကောက်တင်မြှောက်ခံနေရသည့် လက်တင်အမေရိကနိုင်ငံများတွင် ကိုလံဘီယာပါဝင်သွားပြီ ဖြစ်သည်။

၂၀၂၁ ခုနှစ်အတွင်း ချီလီ၊ ပီရူး၊ ဟွန်ဒူးရပ်စ် နိုင်ငံများတွင်လည်း လက်ဝဲဝါဒီသမ္မတများ ရွေးကောက်ခံထားရပြီး ဘရာဇီးလ် တွင်လည်း ရွေးကောက်ပွဲအကြိုကာလတွင် သမ္မတလောင်း ဒါဆေးလ်ဗား ရေပန်းစားနေသည်။

“အရင်းရှင်စနစ်ကို ကောင်းမွန်အောင် ဆောင်ရွက်သွားမှာပါ။ ဒီစနစ်ကို ကြိုက်လွန်းလို့တော့ မဟုတ်ပါဘူး။ မြေရှင်စနစ်ကို တိုက်ထုတ်ရမှာကြောင့်ပါ” ဟု ကိုလံဘီယာသမ္မတသစ် ဖြစ်လာမည့် ပီထရိုက ဆိုသည်။

ယင်းသို့ပင် ပြီးခဲ့သည့် ပြင်သစ်လွှတ်တော်ရွေးကောက်ပွဲတွင်လည်း လက်ဝဲအင်အားစုက မဲနေရာ ၁၃၁ နေရာအထိ အနိုင်ရရှိသွားခဲ့သေးသည်။