မဲဆောက်တွင် မြန်မာလုပ်သားများကို တင်လာသောကား ပစ်ခတ်ဖမ်းဆီးခံရ

0
365

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများအား တင်ဆောင်လာသော ပစ်ကပ်ကားတစ်စီးကို ထိုင်းအာဏာပိုင်များက ဇွန်လ ၁၀ ရက် ညတွင် ပစ်ခတ်ဖမ်းဆီးကြောင်း ထိုင်းသတင်း ဌာနများတွင် ဖော်ပြသည်။

အဆိုပါကားသည် တာခ့်ခရိုင် မဲဆောက်မြို့နယ် အာရှလမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်၌ ည ၁ဝနာရီခန့်တွင် အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ထိုင်းရဲတပ်ဖွဲ့က ကားဘီးကို သေနတ်ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည် ရုပ်သံမှတ်တမ်းအရ သိရသည်။

သို့သော်လည်း ကားသည် ရပ်တန့်သွားခြင်းမရှိပဲ လမ်းကြိုလမ်းကြားများ ရပ်ကွက်များအတွင်း ဆက်တိုက် မောင်းပြေးနေခဲ့သည်ကို မြင်တွေ့ရသည်။

သေနတ်အချက်ရေများစွာ ကြားရခဲ့ပြီး မိနစ် ၂၀ ခန့်အကြာတွင် ထိုင်းရဲတပ်ဖွဲ့က အဆိုပါကားကို ဖမ်းဆီးနိုင် ခဲ့သော်လည်း ထိုင်းနိုင်ငံသား ကားမောင်းသမားမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသော ကားအတွင်းတွင် ထိုင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ကိုးဦး ဖမ်းဆီးရမိပြီး သေနတ်သံများကြောင့် ကြောက်ရွံ့နေကြကာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားများကို ဖဝိုးရဲစခန်းသို့ ခေါ်သွားကာ ထိုင်းဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကားပိုင်ရှင်ကိုလည်း ဆက်လက်ဖမ်းဆီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သော မေလ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်၌ အရှိန်ဖြင့်မောင်းပြေးသော ပစ်ကပ်ကားတစ်စီး ထိုင်းရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးမှုကြောင့် မြန်မာအလုပ်သမား တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။

Ref: CH 7 HD NEWS, เรื่องเล่าเช้านี้