ကာတာတွင် အပူမိပြီးသေဆုံးရသည့် ရွှေ့ပြောင်းလုပ်သားအရေအတွက်ကို အစိုးရက ဖုံးကွယ်ထားဟုဆို

0
370
အလွန်ပူပျင်းသော နေပူထဲတွင် အလုပ်လုပ်ကိုင်နေရသော ရွှေ့ပြောင်းလုပ်သားများ။ ဓာတ်ပုံ - ILO

နေ့အပူချိန် အလွန်ပြင်းထန်သော အာရပ်ပင်လယ်ကွေ့ဒေသတွင် အပူချိန်ကြောင့် ရွှေ့ပြောင်းလုပ်သားများ သေဆုံးနေရသည့် အရေအတွက်ကို ဖော်ပြထောက်ပြမှု အလွန်နည်းနေသည်ဟု BBC သတင်းဆောင်းပါး တစ်ခုက ဖော်ပြထားသည်။

အလွန်ပြင်းထန်သော နေ့အပူချိန်သည် လူအများကို သက်ရောက်လျက်ရှိကာ အထူးသဖြင့် သန်းပေါင်းများစွာ သော ရွှေ့ပြောင်းလုပ်သားများက အဆိုပါ အပူချိန်ကို ရင်ဆိုင်ပြီး အလုပ်လုပ်နေကြရသည်။

ကာတာကဲ့သို့ အာရပ်ပင်လယ်ကွေ့နိုင်ငံများတွင် မိသားစုစားဝတ်နေရေးအတွက် လာရောက် အလုပ်လုပ်နေကြသူ များစွာ ရှိသည်။

လက်ရှိအပူချိန်သည် ၅၀ ဒီဂရီစင်တီဂရိတ် အထက်တွင် ရှိနေပြီး၊ အဆိုပါ အပူချိန်အောက်တွင် အလုပ်လုပ်ရသူများသည် နှလုံးထိခိုက်ခြင်း အပါအဝင် အသက်အန္တရာယ်ရှိသော အနေအထားများကို ရင်ဆိုင်ရလျက် ရှိပေသည်။

အပူမိပြီး သေဆုံးရသူ ရွှေ့ပြောင်းလုပ်သားအရေအတွက်ကို ကာတာအာဏာပိုင်များက ထုတ်ပြန်ပြောကြားမှု အလွန်နည်းနေကြောင်း BBC အာရဗီဘာသာ အစီအစဉ်၏ စုံစမ်းတင်ဆက်မှုက ဖော်ပြထားသည်။

အလုပ်သမားဥပဒေကို ချိုးဖောက်မှုများ ရှိနေသည်ဟု ပြောဆိုကြသော ရွှေ့ပြောင်းလုပ်သားများ ကိုလည်း ဖမ်းဆီးမှုများ ရှိနေသည်ဟု ဖော်ထုတ်ထားသည်။

အာရပ်ပင်လယ်ကွေ့ဒေသတွင် နေပူထဲ၌ အလုပ်လုပ်ရသည့် ဆောက်လုပ်ရေးလုပ်သားများ၊ သန့်ရှင်းရေးလုပ်သားများ အပါအဝင် လုပ်သား ၁၄ သန်းရှိသည်။