ဧကနိရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

0
651

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ဧကနိရွာတွင် ယနေ့ ညနေ ငါးနာရီဝန်းကျင်ခန့်က အသက် ငါးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူမှာ ဧကနိရွာသား ဦးမောင်ဦး ဆိုသူဖြစ်ပြီး နေအိမ်၌ရှိနေစဉ် ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက လာရောက် ပစ်ခတ်သွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“သေနတ်သံက ခြောက်ချက်လောက်ရှိတယ် ဖြစ်ဖြစ်ချင်းတော့သွားမကြည်ရဲဘူး”ဟု ၎င်းအမျိုးသားကပြောသည်။

ဦးမောင်ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသူဟု ဒေသခံများက ပြောဆိုပြီး မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်သွားသည်ဆိုသည်ကိုမူ စုံစမ်းသိရှိရခြင်းမရှိသေးပေ။

သေဆုံးသူဦးမောင်ဦး မှာ ယင်းကျေးရွာတွင် ကျောင်းဆရာလုပ်ဖူးသူဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ယင်းကျေးရွာတွင် ပြီးခဲ့သည့် မေလ ၅ ရက်နေ့ကလည်း ဒလန်ဟုကျော်ကြားသူ ဦးကြည်စိုး ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့သေးသည်။