ဗြိတိန်ထောက်လှမ်းရေး အေ့ဂျင့်က အတူနေချစ်သူကို နှိပ်စက်ပေါင်းသင်းနေမှု ဘီဘီစီဖော်ထုတ်

0
653
ပုံစာ - ဓါးဖြင့်ခြိမ်းခြောက်နေသော ဗီဒီယို ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အမျိုးသမီးက ခိုးရိုက်ပြီး ဖွင့်ချခဲ့သည်။ ဓာတ်ပုံ - BBC

ဗြိတိန်ထောက်လှမ်းရေး MI5 စပိုင်တစ်ဦးသည် အတူနေချစ်သူအမျိုးသမီးကို ဓါးဖြင့်ခုတ်ရန်ရွယ်သည် အထိ နှိပ်စက်ညှင်းပန်းနေသည့် ဗီဒီယို ကို BBC က ရရှိခဲ့သော်လည်း အဆိုပါ သတင်းကို မရေးရန် အစိုးရက တရားရုံး အထိ တက်ရောက်ခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။

အဆိုပါ MI5 အေ့ဂျင့် သည် စုံစမ်းစစ်ဆေးခံနေရစဉ်အတွင်းတွင် ပြည်ပသို့ ထွက်ခွါကာ ထောက်လှမ်းရေး လုပ်ငန်းများ ဆက်လုပ်နေသည်ကို BBC က တွေ့ရှိခဲ့သည်။

နိုင်ငံခြားသား တစ်ဦးဖြစ်သော အဆိုပါ MI5 စပိုင်သည် အမျိုးသမီးများအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေသော်လည်း ယင်းသတင်းကို အပြင်မထွက်စေရန် အစိုးရအရာရှိများက BBC ကို တားမြစ်ပေးဖို့ရာ တရားရုံးသို့ တင်ပြခဲ့သည်။

BBC က ရရှိထားသော အထောက်အထားများအရ အဆိုပါအမျိုးသားသည် လက်ရာစွန်း အစွန်းရောက် တစ်ဦးဖြစ်ကာ အကြမ်းဖက်သော နောက်ကြောင်းလည်း ရှိသည်။

အမျိုးသမီးများအနေဖြင့် အဆိုပါ အကြမ်းဖက်တတ်သူ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိရန် အခွင့်အရေး ရှိကြောင်း တရားရုံးကို BBC က တင်ပြခဲ့သည်။

ရုပ်သံဖိုင်လင့် https://www.bbc.com/news/av/uk-61515575

ချစ်သူရှာဖွေသော အွန်လိုင်း စာမျက်နှာတွင် တွေ့ဆုံခဲ့ကြပြီး UK တွင် အတူတကွ နေထိုင်ခဲ့ကြကြောင်း၊ စတင် တွေ့ကာစက နှစ်လိုဖွယ်ရာ ကောင်းသော အဆိုပါ အမျိုးသားသည် နောက်ပိုင်းတွင် တအားဗိုလ်ကျစိုးမိုးကာ အကြမ်းဖက် ရက်စက်ကြောင်း၊ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုမူကြောင်း၊ ဗြိတိန်ထောက်လှမ်းရေး ဆိုသည့် အချက်ကို အသုံးပြုကာ အရာရာ လိုက်ထိန်းချုပ်နေကြောင်း ခံစားခဲ့ရသူ အမျိုးသမီးက ပြောကြားသည်။

၎င်း၏ အရာရာထိန်းချုပ်မှုကို ခံနေရသောကြောင့် စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်လာခဲ့ကြောင်း အမျိုးသမီးက ဖွင့်ဟပြောဆိုခဲ့သည်။