မြိတ်ညမထွက်ရအမိန့် အချိန်နှစ်နာရီ လျှော့ချ

0
813

မြိတ်မြို့တွင် ညမထွက်ရအမိန့်ကို မေလ ၁၃ ရက်နေ့တွင် အချိန်ပြောင်းလဲ သတ်မှတ်ကြောင်း မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်အား ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယင်းနောက် နှစ်ဝက်ခန့်အကြာ ယခု မေလ ၁၃ ရက်နေ့တွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ အချိန်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၏ ထုတ်ပြန်တွင် ဖော်ပြသည်။

“အချိန်ပြောင်းတာ မသိရသေးဘူး။ ပြောင်းပြောင်း မပြောင်းပြောင်း (ည) ရှစ်နာရီနောက်ပိုင်းဆို လမ်းမထွက်ရဲ‌ဘူး။ စစ်ဆေးတာတွေ တအားများတာ” ဟု ကန်ဖျားရပ်‌နေ အသက် ၄၀ နှစ်ရှိ ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးက ပြောသည်။

ညမထွက်ရအမိန့် အချိန်ပြောင်းလဲထုတ်ပြန်ချက်သည် နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်သည့် အချိန်အထိ အတည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်စာတွင် ဖေါ်ပြထားသည်။

အများပြည်သူနှင့်ဆိုင်သော နေရာတို့တွင် လူငါးဦးနှင့် အထက်စု‌ဝေးခြင်း၊ စီတန်းလှည့်လည်ဆန္ဒပြခြင်း၊ ဟောပြောခြင်း စသည်တို့ကိုမူ တားမြစ်ထားဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။