ထိုင်း-မြန်မာနယ်စပ်တောထဲတွင် မြန်မာလုပ်သား ၉၈ ဦးကို ထိုင်းရဲဖမ်း

0
429
နယ်စပ်တောထဲတွင် ပုန်းအောင်းနေသည့် မြန်မာလုပ်သားများကို ထိုင်းရဲဖမ်းမိစဉ်

ထိုင်း-မြန်မာနယ်စပ်ဖြစ်သော ပရာကျွတ်ခီရီခန်ခရိုင် တောထဲတွင် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာလုပ်သား ၉၈ ဦးကို မေလ ၄ ရက်နေ့ က ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ရဲစခန်းက ထုတ်ပြန်လိုက်သည်။

ဖမ်းဆီးခံရ‌ေသာအချိန်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားများသည် နယ်စပ်တောထဲတွင် ပုန်းအောင်း၍ အိပ်ပျော်နေကြပြီး လမ်းပြများ လာခေါ်မည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူ မြန်မာလုပ်သားများအထဲတွင် အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၄၀ ဦး ပါဝင်သည်။

မြန်မာလုပ်သားများကို စစ်ဆေးမေးမြန်းသောအခါ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ရန်အတွက် ပွဲစားကို ဘတ် ၂၀၀၀၀ မှ ၂၅၀၀၀ (ကျပ် ၁၂ သိန်းမှ ၁၅ သိန်း) အထိပေးဆောင်ရမည်ဖြစ်ပြီး သတ်မှတ်ထားသော ခရီးစဥ်အထိရောက်မှသာ ပေးဆောင်ရမည်ဟု ထွက်ဆိုထားသည်။

အများစုမှ ထားဝယ်၊ မော်လမြိုင်၊ ပဲခူး၊ မကွေးမြို့ တို့မှဖြစ်ကြပြီး ဘန်ကောက်၊ ချွန်ဘူရီ၊ စမုန်စခွန်၊ ဖန်ခ်ျဘူရီ၊ ပရာကျွန်ခီရီခန် တို့ဆီသို့ သွားရောက်၍ အလုပ်လုပ်ရန် ရည်ရွယ်ထားကြောင်း ၎င်းတို့ကဆိုသည်။

ဖမ်းဆီးခံရသူများကို ကိုဗစ်ပိုး ရှိမရှိစစ်ဆေးရာ ကိုဗစ်ပိုးမတွေ့ရသဖြင့် ပရာကျွတ်ခီရီခန် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ကိုးကား/ဓာတ်ပုံ Thairath-ไทยรัฐออนไลน์