ထားဝယ်မြို့ မြောင်းပုလဲတံတားအောက် အမျိုးသားတစ်ဦးအလောင်းတွေ့

0
334

ထားဝယ်မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် မြောင်းပုလဲရပ်ကွက်တံတားအောက်တွင် အမည်မသိ အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိရကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

ရပ်ကွက်နေသူတစ်ဦးက တံတားအောက်တွင် အလောင်းတစ်လောင်းတွေ့ရှိကြောင်း သတင်းပေး လာသဖြင့် ယနေ့ (မေ ၁) နံနက် ၈ နာရီခန့်တွင် အလောင်းသွားဆယ်ပြီး ထားဝယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ပေးလိုက်ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရက်မူးပြီးအဲ တံတားအောက်ကိုကျသွားတာလားဆိုပြီးတော့ သုံးသပ်ရတာပေါ့နော်။ (ပြင်ပ) ဒဏ်ရာတွေတော့ မတွေ့ရဘူး” ဟု ၎င်းက ဆိုသည်။

သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်အကြောင်းကြောင့် သေဆုံးနေသည်ကိုမူ မသိရသေးကြောင်း အထက်ပါ တာဝန်ရှိသူက ပြောကြားသည်။