ဘုတ်ပြင်းမြို့နယ် လေညာတွင် တိုက်ပွဲဖြစ်နေ

0
704

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ လေညာမြို့နယ်ခွဲတွင် ယနေ့ (ဧပြီ ၂၃) ညပိုင်း တိုက်ပွဲဖြစ်ပွား နေကြောင်း ဒေသခံများထံမှ သိရသည်။

လေညာမြို့ လေညာ-ရတနာပုံလမ်းခွဲအနီးတွင် ယနေ့ည ၆ နာရီခန့်ကစပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း လေညာဒေသခံများက ပြောသည်။

“တိုက်ပွဲကြမ်းတယ်။ လက်နက်ကြီးအသံတွေလည်း ဆက်တိုက်ကြားနေရတယ်” ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ အပြန်အလှန်ပစ်ခတ်နေကြပြီး အထိအခိုက် အကျအဆုံး ရှိမရှိကိုမူ မသိရသေးကြောင်း ဒေသခံများကဆိုသည်။

တိုက်ပွဲကြောင့် ပြည်ကြီးမဏ္ဍိုင်နှင့် လေညာဒေသခံများ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း ဒေသခံအချို့ကပြောသည်။

ည ၈ နာရီဝန်းကျင်တွင် တိုက်ပွဲက ပြန်လည်ငြိမ်သက်သွားကြောင်း ဒေသခံများထံမှ သိရသည်။