မြန်မာနိုင်ငံသားများ တရားမဝင်သယ်ဆောင်လာသည့်ကား ထိုင်းမြောက်ပိုင်းတွင် တိမ်းမှောက်

0
310
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရသည့် တရားမဝင် မြန်မာအလုပ်သမားများ။ ဓာတ်ပုံ - Pha Muang task force

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို တင်ဆောင်လာသော ယာဉ်တစ်စီးမှ ထိုင်းမြောင်ပိုင်း ချင်းရိုင်ခရိုင်တွင် တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါလာသူအချို့ကို ဒဏ်ရာများဖြင့်ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၂၁) မနက်ပိုင်းက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့၊ စန်ပါစပ်ရွာနားရှိ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်တွင် လူ ၃၀ ခန့်တင်ဆောင်လာသော ပစ်ကပ်ကားတစ်စီးကို မသင်္ကာ၍ ရပ်တန့်ရန် အချက်ပြသော်လည်း ရပ်တန့်ခြင်းမရှိဘဲ မောင်းပြေးသွားသောကြောင့် မယ်ဆိုင်မြို့ Wat Thamphum အရှေ့ရှိ လမ်းကွေ့တစ်နေရာတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Bangkok Post သတင်းဌာန၏ ဖော်ပြထားချက်အရသိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရသည့် တရားမဝင် မြန်မာအလုပ်သမားများ။ ဓာတ်ပုံ – Pha Muang task force

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ယာဉ်ပေါ်တွင်ပါလာသော မြန်မာနိုင်ငံသားများ ကားပေါ်မှလွင့်စင်ထွက်သွားပြီး ကားသမားနှင့် ယာဉ်ပေါ်ပါလာသူ အများစုမှာ တောထဲသို့ ထွက်ပြေးသွားကြောင်း၊ တိမ်းမှောက်နေသော ကားဘေး‌တွင် မြန်မာ ၆ ဦးသာ ဖမ်းဆီးရမိခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရသည့် တရားမဝင် မြန်မာအလုပ်သမားများ။ ဓာတ်ပုံ – Pha Muang task force

အဆိုပါ မြန်မာ ၆ ဦးတွင် ကျား ၁ ဦး၊ မ ၄ ဦး၊ ကလေး ၁ ဦးဖြစ်ပြီး ဒဏ်ရာရရှိသွားသော အမျိုးသမီးတစ်ဦးကို မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း Bangkok Post ကထပ်မံဖော်ပြထားသည်။

ယနေ့တွင်ပင် ချင်းရိုင်ခရိုင်၊မဲဖားလွမ်မြို့၊ ဟွေ့ပူမိုင်ရွာတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်လာသော ပစ်ကပ်ကား ၂ စီးကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၂ ဦး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရသည့် တရားမဝင် မြန်မာအလုပ်သမားများ။ ဓာတ်ပုံ – Pha Muang task force

၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်သမား ၄ သောင်းကျော်ဖမ်းဆီးရမိပြီး အဆိုပါဖမ်းဆီးရမိသူများတွင် မြန်မာအလုပ်သမားအများစုပါဝင်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေရှင်း (FED) မှရရှိသော အချက်အလက်များအရ သိရသည်။