ထားဝယ်မြို့ ဆောက်လုပ်ရေးမဏ္ဍပ်အနီးတွင် ဗုံးပေါက်ကွဲ

0
397
ပုံစာ - သင်္ကြန်မတိုင်ခင် ဆောက်လုပ်ရေးမဏ္ဍပ်တည်ဆောက်နေစဉ်။ Dawei Watch

ထားဝယ်မြို့ ဆောက်လုပ်ရေးမဏ္ဍပ်အနီး စာတိုက်လမ်းကြားထဲတွင် ယနေ့ (ဧပြီ ၁၄) နံနက် ၁ဝနာရီခန့်က ဗုံး‌ပေါက်ကွဲကြောင်း အနီးအနာတွင်နေထိုင်သူအချို့က ပြောသည်။

ပေါက်ကွဲသံ တစ်ချက်ကြားရပြီးနောက် ဆောက်လုပ်‌ရေးမဏ္ဍပ်တွင် ဖွင့်ထားသည့် အသံချဲ့စက်အသံ ရပ်သွားကြောင်း အနီးအနားတွင် နေထိုင်သူတစ်ဦးက ပြောသည်။

“လူတော့ မထိဘူး။ အဲဒီနားက အိမ်တစ်ဆောင်ကိုတော့ ဗုံးစတွေ မှန်သွားသေးတယ်” ဟု ၎င်းက‌ ဆိုသည်။

ယင်းမဏ္ဍပ်အတွင်း လာရောက်ရေကစားသူများ မတွေ့ရဘဲ အစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုသာ တွေ့ရကြောင်း ၎င်းက ဆိုသည်။

ဆောက်လုပ်ရေးမဏ္ဍပ်သည် တိုင်းအစိုးရအဖွဲ့ရုံးနှင့် မနီးမဝေးတွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။