မြိတ်ခရိုင် NLD ရုံး မီးလောင်

0
243

မြိတ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံး ယနေ့ (မတ် ၁၄) ညနေ ၆နာရီခန့်က မီးလောင်ကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။

မြိတ်မြို့ရှိ NLD ပါတီ မြိတ်ခရိုင်နှင့် မြို့နယ်ရုံး အဆောက်အအုံဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

မိနစ် ၃၀ ခန့်အထိ လောင်ကျွမ်းပြီးနောက် မီးငြိမ်းသွားကြောင်း မြို့ခံများကပြောသည်။

“ရုံးထဲမှာ ကယ်ဆယ်ရေးအတွက်ပေးထားတဲ့ ဘေထုတ်နည်းနည်းရှိတယ်။ အရင်ပတ်ကတည်းက ပျောက်တာတွေရှိပြီး ကျန်တဲ့ဟာတွေ လောင်သွားတယ်လို့သိရတယ်” ဟု မြိတ်ခရိုင် NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါရုံးကို ပိတ်ထားသည်မှာ ကြာပြီဖြစ်ပြီး လျှပ်စစ်မီးများ ဖြတ်တောက်ထားသည်မှာလည်း ကြာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဗုံးဖောက်ခွဲခံရပြီးနောက် ခြံစည်းရိုးနှင့် ပြတင်းပေါက်များလည်း ပျက်စီးလျှက်ရှိကာ မည်သူမဆို အလွယ်တကူဝင်ထွက်၍ ရကြောင်း ပါတီဝင်တစ်ဦးက ပြောသည်။

ယခု မီးလောင်ရသည့် အကြောင်းအရင်းကိုမူ မသိရသေးကြောင်း ပါတီ တာဝန်ရှိသူက ပြောသည်။