စိတ်ကျနေပြီလား

0
777

စိတ်ကျခြင်း ဆိုတာ

စိတ်ကျတယ်ဆိုတာ လူတိုင်း ဖြစ်နိုင်ပြီး အားနည်းချက် မဟုတ်ပါဘူး

စိတ်ကျပြီ ဆိုရင်

တောက်လျှောက်ကြီး ဝမ်းနည်းနေတတ်တာ၊

လုပ်နေကြအလုပ်တွေ စိတ်မပါတော့တာ၊

ပုံမှာ နိစ္စဓူ၀ အလုပ်တွေ မလုပ်နိုင်တော့တာ တွေ ဖြစ်တတ်ပါတယ်။

ကြုံနိုင်တဲ့ လက္ခဏာတွေ

အားအင်ကုန်ခမ်းနေတာ၊
အစာစားချင်စိတ် မရှိတာ၊
စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတာ၊
အိပ်ချိန် နည်းလာတာ၊ ဒါမှမဟုတ် များလာတာ၊
အာရုံ စူစိုက်မှု ကျဆင်းလာတာ၊
စိတ်ပိုင်းဖြတ်ခြင်း မပြုနိုင်တာ၊
ဂနာမငြိမ်ဖြစ်နေတာ၊
ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ခံစားနေရတာ၊
အပြစ်ရှိတယ်လို့ ခံစားနေရတာ၊
မျှော်လင့်ချက်မဲ့နေတာ၊
ကိုယ့်ကိုယ်ကို အပြစ်ပေးဖို့၊ သတ်သေဖို့ စဉ်းစားလာတာ

အဖြေရှိပါတယ်

ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ စိတ်ကျခြင်းဆိုတာ ပြန်လည်ကုစားလို့ရပါတယ်။

ဘာလုပ်သင့်လဲ

ယုံကြည်ရတဲ့ တစ်ယောက်ယောက်ကို ရင်ဖွင့်ပြောဆိုခြင်းနဲ့ သက်သာရာရနိုင်ပါတယ်၊

ဆရာဝန်၊ စိတ်အကြောင်း နားလည်တဲ့သူနဲ့ ဆွေးနွေး တိုင်ပင်ကြည့်ပါ၊

ကိုယ်လုပ်ချင်တဲ့ လုပ်စရာလေးတွေ ရှိနေပါစေ၊

မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ ပြောဆိုဆက်ဆံပါ၊

အနည်းဆုံး လမ်းခဏလျှောက်တာမျိုးပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်း လုပ်ပါ၊

ဖြစ်နိုင်သမျှ ပုံမှန် စားတာ၊ အိပ်တာမျိုး အကျင့်ထားပါ၊

အရက်သောက်တာ၊ မူးယစ်ဆေး သုံးတာဟာ စိတ်ကျတာကို ပိုဆိုးစေပါတယ်၊

သတ်သေချင်တာမျိုး ဖြစ်လာရင် ယုံကြည်ရတဲ့ တစ်ယောက်ယောက်ကို ဆက်သွယ်ပါ၊ အရေးပေါ် ဌာနကို အကူအညီတောင်းပါ။

သင့်တော် ကိုက်ညီတဲ့ အထောက်အကူရရင် ပိုကောင်းလာပါလိမ့်မယ်၊ စိတ်ကျပြီလို့ ထင်ရင် အကူအညီသာ တောင်းလိုက်ပါ။

WHO