တနင်္သာရီတိုင်းတွင် ယနေ့ နေရာအနှံ့ မိုးထစ်ချုန်းရွာမည်၊ မြိတ်တွင် ရွာနေပြီ

0
507

တနင်္သာရီတိုင်းအတွင်း ယနေ့ (ဖေဖော်ဝါရီ ၁၄) နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ နေရာအနှံ့ မိုးထစ်ချုန်းရွာမည့်အခြေအနေမှာ ရှစ်ဆယ်ရာခိုင်းနှုန်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာမည့်နှစ်ရက်အတွင်းတွင်လည်း နေရာစိပ်စိပ် မိုးရွာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယနေ့ နေ့လယ် ၁၂ ကျော်က မြိတ်မြို့ပေါ်တွင် မိုးရွာသွန်းခဲ့ပြီး လက်ရှိတွင် မိုးတိတ်သွားသည်။ ကျေးရွာအချို့တွင်မူ မိုးရွာသွန်းနေဆဲဖြစ်သည်။

ထားဝယ်မြို့နှင့် ကံပေါက်ဒေသတွင် နေသာ နေသော်လည်း တိမ်အနည်းငယ်ရှိနေသည်။