တနင်္သာရီ ဘန်လောရွာရှိ မိုင်တဲတာဝါတိုင် မီးရှို့ခံရ

0
281

တနင်္သာရီမြို့နှင့် လေးမိုင်ခန့် အကွာတွင်ရှိသည့် ဘန်လောအနောက်ကမ်းရွာရှိ မိုင်တဲတာဝါတိုင်ကို တနင်္သာရီဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၁၆) မီးရှို့ဖျက်ဆီးလိုက်ကြောင်း ယင်းအဖွဲ့၏ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှ သိရသည်။

အဆိုပါ မိုင်တဲတာဝါတိုင်ကို ယနေ့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် မီးရှို့ ဖျက်ဆီးလိုက်ကြောင်း တနင်္သာရီ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

“(တာဝါတိုင်) အောက်က စက်တွေကို မီးရှို့သွားတယ်။ တိုင်ကတော့ ဘာမှမဖြစ်ပါဘူး” ဟု ဘန်လောရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တာဝါတိုင် မီးရှို့ခံရခြင်းကြောင့် လက်ရှိတွင် အင်တာနက်နှင့် ဖုန်းလိုင်းများ အသုံးပြု၍ မရတော့ကြောင်း ၎င်းက ဆိုသည်။

ဘန်လောရွာသည် တနင်္သာရီမြစ်အနောက်ဖက်ကမ်းတွင် တည်ရှိပြီး အရှေ့ရွာတွင် အိမ်ခြေနှစ်ရာကျော်နှင့်
တာဝါတိုင်မီးရှို့ခံရသည့် အနောက်ရွာတွင် အိမ်ခြေတစ်ရာကျော်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့နယ်၌ လက်ရှိအချိန်တွင် သရဘွင်ကျေးရွာ၊ ဝမ်းနာကျေးရွာတို့ရှိ မိုင်တဲတာဝါတိုင် များကိုလည်း အဆိုပါအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်။