ထားဝယ် မောင်မယ်ရှောင်ရွာအနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

0
588

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးတွင် ယနေ့ (ဇန်နဝါရီ ၁၅) ညနေ ၅ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

ရေဖြူဘက်မှ ထားဝယ်ဘက်သို့လာသည့် အဆိုပါကား မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း မောင်မယ်ရှောင်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ သွားကြည့်တာမှာတော့ မှန်တွေ ကွဲနေတာ အများကြီးပဲ။ လူ သေ မသေတော့ မသိဘူး။ အသံတော့ တော်တော်ကျယ်တယ်” ဟု ၎င်းက ဆိုသည်။

ကားမိုင်းဆွဲခံရပြီးနောက် သေနတ်များ ပစ်ခတ်သံ ဆက်တိုက်ကြားရကြောင်း အဆိုပါ အမျိုးသားက ပြောသည်။