ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်သည့်နေ့ ထားဝယ်တွင် ဆန္ဒပြ

0
257

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထားဝယ်မြို့သို့ နေ့ချင်းပြန် ခရီးရောက်ရှိနေသည့် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းသားသမဂ္ဂနဲ့ လူငယ်အချို့က ဆန္ဒပြခဲ့ကြသည်။

ဒီမိုကရေစီအရေးနှင့် အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၁၃ ရက် နံနက် ၉ နာရီကျော်၌ ထားဝယ်မြို့သို့ ရောက်ရှိနေပြီး မန်းငြိမ်းမောင်အပါအဝင် ကောင်စီဝင်ဝန်ကြီး အချို့လည်း လိုက်ပါလာကြောင်း သိရသည်။

လက်ရှိ နံနက် ၁၁ နာရီဝန်းကျင်တွင် တိုင်းအစိုးရအဖွဲ့ရုံး၌ စစ်ကောင်စီ ခန့်တိုင်းအစိုးရအဖွဲ့၊ တိုင်းအဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံနေကြောင်း ဌာနဝန်ထမ်းအချို့ထံမှ သိရသည်။

တနင်္သာရီတိုင်းသို့ မည်သည့်ကိစ္စဖြင့် လာရောက်သည်ကိုမူ အတိအကျမသိရပေ။