စစ်ကောင်စီကို လာတွေ့မည့် ဟွန်ဆန်ကို လောင်းလုံးတွင် ဆန္ဒပြ

0
1511

စစ်ကောင်စီအား အားပေးအားမြှောက်ပြုလုပ်နေသဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ရှုတ်ချ ကြောင်း လောင်းလုံးမြို့နယ်အတွင်းက အခြေခံပညာကျောင်းသူ၊ ကျောင်းသားများနှင့် လူငယ်များက ယနေ့ (ဇန်နဝါရီ ၆) အာရုံဦးတွင် ဆန္ဒပြကြသည်။  

‘ဟွန်ဆန် မြန်မာ့မြေကို လုံးဝ ခြေချခွင့်မရှိစေရ’ ဆိုသည့် ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အာရုံဦးသပိတ်ပြုလုပ်ကြခြင်းဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ မနက်ဖြန် (ဇန်နဝါရီလ ၇) ရက်နေ့တွင် လာရောက်မည် ဖြစ်သည်။