သရက်ချောင်း ကထီးဝရွာတွင် အမျိုးသားတစ်ဦးက ပစ်သတ်ခံရ

0
265

သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအုပ်စု၊ ကထီးဝရွာ လမ်းပိုင်းတစ်နေရာတွင် အသက် ၅၆နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

ဒလံဟု သတင်းထွက်သည့် ဦးမြင့်ဆွေမှာ ရှင်မုတ္ထီးကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ကထီးရွာရှိ ၎င်း၏ ဥယာဉ်ခြံသို့ ရော်ဘာခြစ်သွားပြီး အပြန်လမ်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ က ပြောသည်။

အဆိုပါအမျိုးသားကို ဒလန်၊ ပျူစောထီးအဖွဲ့၏ ညီ စသဖြင့် ပြောဆိုမှုများရှိသော်လည်း ကျေးရွာတွင် မည်သူ့ကိုမျှ ဒုက္ခ မပေးဖူးကြောင်း ရှင်မုတ္ထီးရွာသားတစ်ဦးက ပြောသည်။

ဦးမြင့်ဆွေ၏ ရုပ်အလောင်းကို ယနေ့ (ဒီဇင်ဘာ ၂၁) နေ့လယ်တွင် သွားရောက်သယ်ယူ လာပြီဖြစ်ပြီး မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့က ပစ်ခတ်သတ်ဖြတ်လိုက်သည်ကိုလည်း မသိရကြောင်း ၎င်းက ပြောသည်။