ထိုင်းဘတ်ငွေနှင့် မြန်မာငွေ တိုက်ရိုက်ပေးချေ ကုန်သွယ်နိုင်ရန် လက်မှတ်ထိုးပြီးဟုဆို

0
228
မောတောင်မြို့ ပြည်ထောင်လမ်းစုလမ်းမကြီး တစ်နေရာ။

ထိုင်းနိုင်ငံနှင့် ရောင်းဝယ်ကုန်သွယ်ရာတွင် မြန်မာငွေအား တိုက်ရိုက်ပေးချေနိုင်ရန် စီစဉ်နေကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌက ပြောသည်။

ထိုင်းနိုင်ငံအပါအဝင် အိန္ဒိယ၊ တရုတ်နိုင်ငံ သုံးငွေနှင့် မြန်မာကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရန် သဘောတူ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ထိုကဲ့သို့ မြန်မာကျပ်ငွေဖြင့် တိုက်ရိုက်ပေးချေနိုင်မည့် အသေးစိတ် အစီအစဉ်ကိုမူ ထုတ်ပြန်ထားခြင်း မရှိ သေးပေ။

ယင်းကဲ့သို့ မြန်မာကျပ်ငွေဖြင့် တိုက်ရိုက်ပေးချေနိုင်မည့် အကြောင်းအရာအား မသိရှိရသေးကြောင်း တနင်္သာရီတိုင်း ထီးခီးနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးကုမ္ပဏီအချို့နှင့် ထားဝယ်မြို့ပေါ်ရှိ စီးပွားရေး လုပ်ငန်းရှင်ကြီးအချို့က ပြောဆိုကြသည်။

ယင်းအစီအစဉ်ကြောင့် မည်သို့ အကျိုးသက်ရောက်မည်ကို မေးမြန်းချက်အပေါ်တွင်လည်း မှတ်ချက်ပေးရန် တွန့်ဆုတ်နေကြသည်။

လက်ရှိတွင် ထိုင်းနိုင်ငံနှင့် အရောင်းအဝယ်လုပ်ရာ၌ ကျသင့်ငွေအား ရောင်းသူဝယ်သူ သဘောတူညီချက် ဖြင့်သာ ထိုင်းဘတ်ငွေ သို့မဟုတ် မြန်မာကျပ်ငွေဖြင့် ပေးချေနေသည်။