ထိုင်း ခရီးသွားတဖြည်းဖြည်း နာလန်ပြန်ထ

0
685

အာရှနိုင်ငံများတွင် ခရီးသွားများကို ပထမဆုံး ပြန်ဖွင့်ပေးခဲ့သော နိုင်ငံများအနက် တစ်ခု အပါအဝင် ဖြစ်သော ထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်းတဖြည်းဖြည်း ပြန်လည်နိုးထလာကြောင်း နိုင်ငံတကာ သတင်းဌာနများက ဖော်ပြကြသည်။

၂၀၂၁ ခုနှစ် ဆယ်လအတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံခြား ခရီးသွား တစ်သိန်းကျော် ဝင်ရောက်ခဲ့ပြီး ယမန်နှစ် အရေအတွက်ဖြစ်သော ၆.၇ သန်းထက်တော့ များစွာ လျော့နည်းနေသေးတယ်။ ထိုင်းနိုင်ငံတွင် ကိုဗစ်ကပ်ဘေးမတိုင်မီက တစ်နှစ် ခရီးသွား သန်း ၄၀ ရှိခဲ့သည်။

ထိုင်းနိုင်ငံအတွင်း မကြာသေးမီက ၁၉ ခုမြောက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပြန်ဖွင့်ခဲ့သည့် Asset World Corporation ၏ အဆိုအရ ခရီးသွားအမှာ အများစုမှာ အနောက်နှင့် အရှေ့လယ်ပိုင်း နိုင်ငံများမှ ဖြစ်ကြသည်။

“နိုဝင်ဘာလမှာ ၃၀ ရာခိုင်နှုန်းလောက် အခန်းပြည့်မှာပါ။ ဒီနှစ်နောက်ဆုံးလေးလပတ်မှာ အရှိန်ပိုရလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ယင်း ကော်ပိုရိုရှင်း၏ အမှုဆောင်ချုပ် က ရိုက်တာ သတင်းဌာနကို ပြောဆိုထားသည်။

ထိုင်းနိုင်ငံသည် အာရှဒေသတွင် အထင်ရှားဆုံး ခရီးသွားဌာနေတစ်ခု ဖြစ်ပြီး ကိုဗစ်ကပ်ဘေးမတိုင်မီ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၇.၃ ဘီလီယံ ရှိခဲ့သည်။

အခြား ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်သော စင်ထရာ ဟိုတယ်နှင့် အပန်းဖြေစခန်း လုပ်ငန်းကလည်း ဒီဇင်ဘာလအတွင်း စမွေကျွန်းတွင် ဒေါ်လာ သန်း ၃၀ တန်ဖိုးရှိ ဟိုတယ် ဖွင့်ရန် စီစဉ်လျက်ရှိသည်။ ဖွင့်စတွင် ရက်ရှည်နေထိုင်မည့် ပြည်တွင်း ခရီးသွားများ ပိုလာရန် ယင်းလုပ်ငန်းက မျှော်လင့်ထားသည်။

ယခုနှစ်အတွင်း ခရီးသွား နှစ်သိန်း၊ လာမည့်နှစ်တွင် ငါးသန်း လာရောက်ရန် ထိုင်းအစိုးရက မျှော်မှန်းထားသည်။

ဟိုတယ်လုပ်ငန်းများက အကောင်းဘက်ကို မျှော်လင့်နေသော်လည်း အချို့သော ခရီးသွားလုပ်ငန်းများအတွက် အခက်အခဲ ရှိနေသေးသည်။

ခရီးသွားတွေဟာ လုံးလုံး၀၀ ယုံကြည်မှုတော့ မရှိသေးဘူး။ အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး ဇဝေဇဝါ ဖြစ်နေသေးတယ်” ဟု ဘန်ကောက်မြို့တော် အခြေစိုက် စားသောက်ဆိုင် မန်နေဂျာတစ်ဦးက ဆိုသည်။ ဥပမာအားဖြင့် ည ၉ နာရီနောက်ပိုင်း အရက်သေစာ မသောက်စားရဟူသော အစိုးရ၏ စည်းမျဉ်းကို သူက ညွှန်းဆိုခြင်းဖြစ်သည်။