တနင်္သာရီ တကူရဲစခန်း မိုင်းဆွဲမီးရှို့ခံရ

0
210

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာရှိ ရဲစခန်းမိုင်းခွဲ မီးရှို့ခံရကြောင်း ဒေသခံများ ထံမှသိရသည်။

နိုဝင်ဘာလ ၂၂ ရက်ည ၁၀ နာရီခန့်တွင် မိုင်းဆွဲကာ မီးရှို့ခံရခြင်းဖြစ်ပြီး ရဲစခန်းအတွင်းရှိ ပရိဘောဂပစ္စည်းများနှင့် စာရွက်စာတမ်းများ မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။

“ညကကြားရတာ အသံလည်း သိပ်မကျယ်ဘူး”ဟု တကူရွာသားတစ်ဉီး ကပြောသည်။

မီးရှို့ခံရသည့်အချိန်တွင် ရဲစခန်းအတွင်း ရဲတပ်သားတစ်ဦးမျှမရှိသည့်အတွက် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ရွာသားများ ကပြောသည်။

“မိုင်းဆွဲတဲ့အချိန်က စစ်သားတွေက မနေ့က မီးလောင်တဲ့ ကောတော ဖက်ရောက်နေတယ်”ဟု အဆိုပါရွာသားကပြောပြသည်။

ယင်းရဲစခန်း မိုင်းဆွဲမီးရှို့မှုနှင့်ပတ်သက်ပြီး ဓူဝံတော်လှန်ရေးတပ်ဖွဲ့မှ ၎င်းတို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်ညနေ ၄ နာရီခန့်ကလည်း တကူကျေးရွာ၊ ကောတောရပ်ရှိ စစ်တပ်ပိုင် ရော်ဘာအလုပ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။