မြိတ်တွင် ဗုံးကွဲပြီးနောက် အနီးရှိနေအိမ်မှ မိသားစုကို ဖမ်းဆီး၊ နှစ်ဉီးပြန်လွတ်

0
226
အဖမ်းခံထားရသည့် ဉီးထွန်းထွန်းမင်းနှင့်၎င်း၏ ဇနီးဒေါ်စန်းစန်း

မြိတ်မြို့ပေါ်အထက်တန်းကျောင်း တစ်ကျောင်းအနီးတွင် ဗုံးပေါက်ကွဲပြီးနောက် အနီးရှိ နေအိမ်မှ မိသားစုဝင် လေးဉီးကိုဖမ်းဆီးသွားပြီး နှစ်ဉီးပြန်လွတ်လာပြီဖြစ်ကြောင်း ဖမ်းဆီးခံမိသားစုဝင်များ ထံမှသိရသည်။

နိုဝင်ဘာလ ၅ ရက် ည ၈ နာရီအချိန်က မြို့သစ်ရပ်ကွက်၊ ဦးမြတ်လေးလမ်းမကြီးရှိ အထက်တန်းကျောင်းအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယင်းအနီးနေ ဉီးထွန်းမင်း မိသားစုအား စစ်သားနှင့်ရဲများမှ ခေါ်ဆောင်သွားကြောင်း ရပ်ကွက်သားများနှင့် ဉီးထွန်းမင်း၏ မိသားစုဝင် တစ်ဉီးကပြောသည်။

“သမီးနဲ့မြေးဖြစ်သူက ဖမ်းပြီးနောက်တစ်နေ့ ပြန်လွှတ်လာပါတယ်။ ဉီးထွန်းတို့လင်မယားနှစ်ဉီး ကိုတော့ ခုထိစစ်ဆေးနေတုန်းပဲ ဘာအတွက်ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး” ဟု ၎င်းကပြောသည်။

ဉီးထွန်းမင်း၏နေအိမ်တွင် ၎င်း၏ဇနီးအပါအဝင် သမီးနှင့်မြေးဖြစ်သူတို့နေထိုင်နေကြပြီး လက်ရှိအိမ်ပိတ်ထားကြောင်း ရပ်ကွက်သားများထံမှသိရသည်။

အသက် ၆၀ နီးပါးရှိသည့် ဉီးထွန်းမင်းသည် MABC မြိတ်စက်ဘီးနင်းအဖွဲ့တွင် ဒုဉက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး မြိတ်ခရိုင်ကိုဗစ်ကာကွယ်ရေးအရပ်ဖက်အဖွဲ့၊ ထိပ်တန်းသမဝါယမအသင်းတို့တွင် ဦးဆောင်ပါဝင်နေသူ တစ်ဦးဖြစ်သည်။