ယနေ့ပစ်ခတ်မှု မသက်ဆိုင်ကြောင်း DPDF ထုတ်ပြန်

0
226

ထားဝယ်မြို့လယ် ကရပ်ပြင်လမ်းဆုံ အနီး ဆန်ဆိုင်ပိုင်ရှင် တစ်ဦး သေဆုံးပြီး သားဖြစ်သူ ဒဏ်ရာရခဲ့သည့် ပစ်ခတ်မှုမှာ ၎င်းတို့ အဖွဲ့လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ထားဝယ်) က ထုတ်ပြန်ခဲ့သည်။

ယနေ့ နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော ယင်းပစ်ခတ်မှုကြောင့် ဆန်ဆိုင်ပိုင်ရှင် ဦးခင်မောင်အေး သေဆုံးပြီး သားဖြစ်သူ ဒဏ်ရာရခဲ့သည်။ မည်သူ၊ မည်သည့် အဖွဲ့က လုပ်ဆောင်သည်ကို ယခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ယင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် လူငယ်နှစ်ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း မျက်မြင် သက်သေ မြို့ခံတို့ထံမှ သိရသည်။