ကျီးလန့်စာစား တောင်ပျောက်တိုက်နယ်

0
544

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းကြောင်း ပိတ်ဆို့ထားတာ တစ်လကျော်လာပါပြီ။ ဒေသခံတွေလည်း စားနပ်ရိက္ခာ အခက်အခဲဖြစ်လာနေပါပြီ။တောင်ပျောက်တိုက်နယ် အဝင်အထွက်ဖြစ်သည့် သဲချောင်းကြီးရွာနှင့် စုံစင်ဖျားရွာ အဝင် အထွက်လမ်းပေါက်နှစ်ခုလုံးကို စစ်ကောင်စီတပ်ဖွဲ့များက လမ်းကြောင်းပိတ်ဆို့ထားလိုက်ပါတယ်။

ဖြတ်သန်းသွားလာသူများကို တားဆီးစစ်ဆေးတာ၊ စားနပ်ရိက္ခာသယ်ယူမှုကိုလည်း ကန့်သတ်ထားတာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေ ကဆိုပါတယ်။ အဲဒီအကြောင်း ရုပ်သံကို Dawei Watch ရဲ့ Youtube တွင် ဝင်ကြည့်နိုင်ပါတယ်။