မြိတ် ကွမ်းရွက်စျေးနှစ်ဆကျော် ခုန်တက်

0
320

မြိတ်မြို့တွင် ဝယ်ယူရောင်းချနေသည့် ကွမ်းရွက်များ စျေးနှစ်ဆကျော် ခုန်တက်သွားခဲ့ကြောင်း ကွမ်းယာရောင်းချနေသူများ ထံမှသိရသည်။

စက်တင်ဘာလအတွင်းက ကွမ်းရွက်တစ်စီးလျှင် ကျပ်သုံးရာဝန်းကျင်ခန့်ရှိရာမှ အောက်တိုဘာ လဝက်မှစပြီး တစ်စီးလျှင် ကျပ်ရှစ်ရာမှ ကျပ်တစ်ထောင်အထိ ပေးကာ ဝယ်ယူနေရကြောင်း ကွမ်းယာရောင်းချသူများ ကပြောသည်။

“ကွမ်းယာ ပစ္စည်းတွေက စျေးတက်လာတော့ ရောင်းရတာ အဆင်မပြေတော့ဘူး”ဟု ရေနံမြေရပ်လှေဆိပ်တွင် ကွမ်းယာရောင်းချနေသည့် ကိုသန်းဌေး ကပြောသည်။

ကွမ်းယာဆက်စပ်ပစ္စည်းများ စျေးတက်လာသော်လည်း ကွမ်းယာကို ပုံမှန်စျေးနှုန်းအတိုင်း ရောင်းချနေသေးကြောင်း ၎င်းကဆိုသည်။

သို့သော်တစ်ခြား ကွမ်းယာဆိုင်တစ်ချို့တွင်မူ ကွမ်းစျေးနှုန်းများ တက်သွားပြီဖြစ်ကြောင်း စားသုံးသူတစ်ချို့ ကပြောသည်။

“နိုင်တီတူးနဲ့ အရင်ကနှစ်ရာဖိုး လေးယာရတယ်။ အခုက နှစ်ရာဖိုးသုံးယာပဲရတော့တယ်”ဟု နေ့စဉ်ကွမ်းဝယ်စားလေ့ရှိသူ မြိတ်မြို့ မြို့သစ်ရပ်ကွက်နေ သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီး တစ်ဉီးကပြောသည်။

ဒေသတွင်းမှ ထွက်ရှိသည့် ကွမ်းရွက်များ စျေးတက်ရသည့် အကြောင်းကို မူစုံစမ်းနေဆဲဖြစ်သည်။

မြိတ်မြို့တွင် ကလွင်ရပ်ကွက်၊ ချောင်းကူးငယ်ရပ်ကွက်၊ ရှမ်းချောင်းရပ်ကွက်တို့တွင် ဒေသခံများက တစ်နိုင်တစ်ပိုင် ကွမ်းခြံစိုက်ပျိုးကြပြီး ဖောက်သည်မှတစ်ဆင့် စျေးများတွင် ပြန်လည်ရောင်းချကြလေ့ရှိသည်။