ခရိုင်ကောင်စီအဖွဲ့ဝင်တစ်ဦး ထားဝယ်မြို့လယ်တွင် သေနတ်ပစ်ခံရ

0
311
သေနတ်ပစ်ခံရသည့် ခရိုင်ကောင်စီအဖွဲ့ဝင် ဦးညီညီအောင်

ထားဝယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးညီညီအောင်သည် အောက်တိုဘာလ ၂၂ ရက် နံနက် ၈ နာရီခွဲဝန်းကျင်က သေနတ်ဖြင့်ပစ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။

ဦးညီညီအောင်သည် တလိုင်းထိန်ရပ်ကွက် တရုတ်တန်းလမ်းရှိ လက်ဖက်ရည်ဆိုင်ရှေ့ ၎င်း၏ ကားအနီးတွင် ပစ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

လက်ရှိတွင် သေနတ်ဒဏ်ရာ ၅ ချက်ခန့်ရသွားပြီး ဆေးရုံတင်ပို့ထားကြောင်း ဒေသခံအချို့က ဆိုသည်။

ခရိုင်ကောင်စီဝင်ဖြစ်သည့် ဦးညီညီအောင်သည် ယခင်က သင်္ဘောဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။