ထားဝယ်ဒေသတွင် ကိုးလအတွင်း နိုင်ငံပိုင်သတင်းစာ‌ရောင်းအား သုံးဆယ်ရာခိုင်နှုန်းခန့်‌ လျော့ကျ

0
308

ထားဝယ်တွင် ဖေဖော်ဝါရီလမှစကာ အချိန်ကိုးလတာကာလအတွင်း နိုင်ငံပိုင်သတင်းစာရောင်းအား သုံးဆယ်ရာခိုင်နှုန်းခန့် လျော့ကျလာကြောင်း သတင်းစာဖြန့်ချိရေး ကိုယ်စားလှယ်အချို့ထံမှ သိရသည်။

နိုင်ငံပိုင်သတင်းစာများမှာ မြန်မာအလင်း၊ ကြေးမုံ ၊ The Global New Light of Myanmar သတင်းစာများဖြစ်သည်။

ဖေဖော်ဝါရီလမတိုင်မီက နေ့စဉ်သတင်းစာစောင်ရေ ၃၀၀ ဝန်းကျင်ဖြန့်ချိနေရာမှ လက်ရှိအချိန်တွင် စောင်ရေ ၂၀၀ ဝန်းကျင်သာ ကျန်တော့ကြောင်း ထားဝယ်မြို့ရှိ သတင်းစာကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းတွင် နေ့စဉ်ထုတ်နှင့် အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်များ ရပ်နားခဲ့ပြီးနောက် ထားဝယ်တွင် အစိုးရသတင်းစာများသာ ကျန်ခဲ့သည်။

“အခုချိန်မှာ အစိုးရရုံးတွေပဲ အစိုးရသတင်းစာတွေ ဖတ်ကြတော့တယ်” ဟု အထက်ပါ သတင်းစာကိုယ်စားလှယ်က ပြေသည်။

ကျပ်ငွေတန်ဖိုးကျဆင်းလာပြီး စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် သတင်းစာကိုယ်စားလှယ်အချို့မှာ သတင်းစာကို နေတိုင်း မဖြန့်ဝေနိုင်တော့ဘဲ့ သုံးရက်တစ်ကြိမ်သာ ဖြန့်ဝေတော့ကြောင်း သိရသည်။

ထားဝယ်ဒေသရှိ အခြားသတင်းစာကိုယ်စားလှယ်များတွင်လည်း ရောင်းအားထက်ဝက်ကျော် ကျဆင်းနေကြောင်း စုံစမ်းသိရသည်။